
သခင့်ရဲ့မျက်နှာမှာ ဒဏ်ရာရအောင်လုပ်ပြီး အပြုံးလေးနဲ့ ပြန်ချော့ခဲ့တဲ့ ကြောင်လေး
ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်လေးကတော့ သခင့်အပေါ် အရမ်းဆိုးတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ သခင်ဖြစ်သူနဲ့ အတူဆော့ကစားနေတုန်း သခင့်ရဲ့မျက်နှာလှလှလေးပေါ်ကို ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်ဖြစ်အောင် ကုတ်ခြစ်ပစ်ခဲ့တာပါပဲ ။ သခင်ဖြစ်သူမှာလည်း အရောင်းစာရေးတစ်ယောက်ဖြစ်နေလို့ မျက်နှာပေါ်က ဒဏ်ရာတွေအမာရွက်ကျန်ခဲ့မှာကိုကြောက်နေပြီး အလုပ်သွားတိုင်း အခက်အခဲဖြစ်နေခဲ့တာပါ ။ တစ်ခါတစ်လေ သခင်ဖြစ်သူက အလုပ်ထွက်ရမလားဆိုတဲ့အထိ အတွေးဝင်နေခဲ့တာပါပဲ ။ […]